Monday, 19 October 2009


အာဆီယံလူထုညီလာခံ

Saturday, 18 July 2009

R-Zar-Ni-Nayt (Martyrs' Day)

၁၉ ဇူလိုင် မမေ့နိုင် ဆိုတဲ့ အာဇာနည်နေ့ကို ရောက်လို့လာပြန်ပေါ့။ အာဇာနည်တွေ ကျဆုံးခဲ့တာ 62 နှစ်ရှိပါပြီ။ အခုချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းတို့သာ ရှိသေးရင် သေချာတာက မြန်မာပြည်ဟာ အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုထိပ်ဆုံးက မရှိရင်တောင် သူများနဲ့ ပခုံးချင်ယှဉ်နိုင်လောက်ပါပြီ။ လက်ရှိစစ်ဗိုလ်ချုပ်တွေကတော့ ဗိုလ်ချုပ်ရဲ့သမီးကို မုန်းတီးတာတစ်ကြောင်း၊ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်ရဲ့အရှိန်အ၀ါကိုချေဖျက် လိုတာတွေကြောင့်တစ်ကြောင်း အကြောင်းကြောင်းကြောင့် အာဇာနည်ကြီးတွေကို မေပျောက်ဖို့ကြိုးစားနေကြလေရဲ့။ ဒီနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာပဲ သူ့ဖခင်အတွက် အောက်မေ့ဖွယ်အလှူဒါနလုပ်မယ်လို့သိရတယ်။ အိုင်ဒန်တတီလို့ခေါ်တဲ့ ဒို့နိုင်ငံဒို့လူမျိုးတွေရဲ့ ဇာတိသရုပ် - ဥပမာ ရာဇ၀င်သူရဲကောင်းတွေကို ချစ်မြတ်နိုးအားကျစိတ်၊ မျိုးချစ်စိတ်တွေကို ရိုက်ချိုးဖို့များ ကြိုးစားနေရော့သလား။


Jakarta Bombs on July 17

ဂျကာတာက ဟိုတယ်ကြီးနှစ်ခုမှာ ဇူလိုင် ၁၇ ရက်က ဗုံးပေါက်ကွဲလို့ အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ပါတယ်။ မန်ယူဘောလုံးအသင်းကလဲ အဲဒီထဲက ဟိုတယ် တစ်ခုမှာ တည်းဖို့စီစဉ်ထားတယ်။ ရွေးကောက်ပွဲက လည်း မကြာခင်ကပဲ ပြီးတယ်။ ဘယ်လိုရည်ရွယ်ချက် ကြောင့်ပဲဖြစ်စေ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေကြေရတာ စိတ်မကောင်းစရာပါ။ ၂၀၀၃ကလဲ အဲဒီ JW Marriot ဟိုတယ်မှာ ဗုံးကွဲခဲ့သေးတယ်။ (ဓာတ်ပုံ - အေပီ)

Thursday, 16 October 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် ၁၀၀ ကျော် ဒီနေ့ နှုတ်ထွက်စာတင်ခဲ့ကြပါတယ်။ အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ထားတဲ့ လူငယ်အဖွဲ့သစ်ဖွဲ့စည်းမှုကို မကျေနပ်ကြလို့ နှုတ်ထွက်တာလို့ လူငယ်တွေက ပြောပါတယ်။ လူငယ်လုပ်ငန်းအဖွဲ့မှာ အသက် ၃၅ နှစ်အောက် လူငယ်တွေသာဖြစ်သင့်ပြီး လူကြီးတွေ မပါသင့်ဘူးလို့ နှုတ်ထွက်တဲ့ လူငယ်တွေက ပြောပါတယ်။ ဦးအောင်ရွှေနဲ့ အယ်လ် အန် ဒီ ဗဟိုအဖွဲ့ကတော့ တရားဝင်တုံ့ပြန်ပြောဆိုတာတွေ သိပ်မတွေ့ရပါဘူး။ (ကိုးကား၊ ဘီဘီစီ)

Thailand-Combodia Conflict

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီယားနိုင်ငံတို့ကြား နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ဖရာ့ဝိဟန် ဘုရားကျောင်းနေရာ နဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ရာကနေ မနေ့တုန်းက တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် ဒီနေ့တော့ နယ်စပ်မှာ ပူးတွဲကင်းလှည့်ဖို့ သဘောတူလိုက်ကြပါတယ်။ မနေ့တုန်းကတော့ ကမ္ဘောဒီယားဘက်က နှစ်ယောက်သေ ၊ ၇ ယောက်ဒဏ်ရာရပြီး ထိုင်းဘက်ကတော့ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ နှစ်ရှစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ ဘုရားကျောင်းနဲ့ပတ်သက်ပြီး အငြင်းပွား နေတာ ကြာပြီဖြစ်ပါတယ်။ (ဓါတ်ပုံ - အေအက်ဖ်ပီ)

Thursday, 9 October 2008

U Win Tin honoured













သတင်းစာဆရာ၊ စာရေးဆရာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဂျာမနီက မီဒီယာ အဖွဲ့တစ် ခုက အောက်တိုဘာ ၈ရက်နေ့က Prize for the Freedom and Future of the Media လို့ခေါ်တဲ့ သတင်း လွတ်လပ်ခွင့်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဦးဝင်းတင်နဲ့အတူ ဂါဇာမှာ ပါလက်စတိုင်း လက်နက်ကိုင်တွေရဲ့ အဖမ်းခံခဲ့ရတဲ့ ဘီဘီစီ သတင်းထောက် အယ်လန် ဂျွန်စတင်နဲ့ အီရတ်မှာ သတင်း ယူနေတဲ့ ဂျာမန်အမျိုးသမီး သတင်းထောက် ဆူစန် ဖစ်စချာတို့ကို ပေးအပ်ခဲ့တာပါ။ အခု ဆုကတော့ ဒေါ်လာ တစ်သောင်းကျော် နဲ့ ကြေးနဲ့လုပ်ထားတဲ့ ဆုတံဆိပ် လည်း ပါဝင်ပါတယ်။ ၂၀၀၁ ခုနှစ်ကလည်း ကုလသမဂ္ဂ ယူနက်စကိုကနေလည်း ဦးဝင်းတင်ကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာဆုတစ်ခု ချီးမြင့်ခဲ့ပါတယ်။ (ကိုးကား၊ အာအက်ဖ်အေ)
Myanmar garment industry has been hit by the western sanctions and global economic crisis, reports BBC Burmese. More than 30 factories have been shut down and more than 7000 workers have become jobless. (Photo: Myanmar Times)