သတင်းစာဆရာ၊ စာရေးဆရာနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဂျာမနီက မီဒီယာ အဖွဲ့တစ် ခုက အောက်တိုဘာ ၈ရက်နေ့က Prize for the Freedom and Future of the Media လို့ခေါ်တဲ့ သတင်း လွတ်လပ်ခွင့်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဦးဝင်းတင်နဲ့အတူ ဂါဇာမှာ ပါလက်စတိုင်း လက်နက်ကိုင်တွေရဲ့ အဖမ်းခံခဲ့ရတဲ့ ဘီဘီစီ သတင်းထောက် အယ်လန် ဂျွန်စတင်နဲ့ အီရတ်မှာ သတင်း ယူနေတဲ့ ဂျာမန်အမျိုးသမီး သတင်းထောက် ဆူစန် ဖစ်စချာတို့ကို ပေးအပ်ခဲ့တာပါ။ အခု ဆုကတော့ ဒေါ်လာ တစ်သောင်းကျော် နဲ့ ကြေးနဲ့လုပ်ထားတဲ့ ဆုတံဆိပ် လည်း ပါဝင်ပါတယ်။ ၂၀၀၁ ခုနှစ်ကလည်း ကုလသမဂ္ဂ ယူနက်စကိုကနေလည်း ဦးဝင်းတင်ကို သတင်းလွတ်လပ်ခွင့်ဆိုင်ရာဆုတစ်ခု ချီးမြင့်ခဲ့ပါတယ်။ (ကိုးကား၊ အာအက်ဖ်အေ)
Thursday, 9 October 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment